အပူချိန် မြင့်တက်နေသည့် သြစတြေးလျတွင် တိရစ္ဆာန်များကို အပူဒဏ်မှသက်သာရန် ကြိုးပမ်း

1K
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အပူချိန်မြင့်တက်နေတာမို့ ဇန်နဝါရီ ၁၆ ရက်နေ့က ထရွန်ဂါ တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်တွေဟာ အပူဒဏ်ကနေ သက်သာအောင် ကြိုးပမ်းနေပါတယ်။
တိရစ္ဆာန်ရုံအတွင်းရှိ ဆင်တွေဟာလည်း ရေကန်အတွင်း ရေစိမ်ပြီး အပူရန် ကာကွယ်နေပါတယ်။ ဝန်ထမ်းတွေကလည်း သစ်ကုလားအုတ်တွေကို ရေပိုက်နဲ့ ရေတိုက်နေပါတယ်။
အာခစ်နက် နို့တိုက်သတ္တဝါတွေက အေးခဲအစားအစာကို စားသလို ပင်လယ်ဖျံတွေဟာလည်း အေးခဲငါးတွေကို စားနေတာပါ။
သြစတြေးလျနိုင်ငံမှာ တောင်ပိုင်း တက်စ်မေးနီးယားပြည်နယ်က လွဲလို့ တခြားပြည်နယ်နဲ့ နယ်မြေတွေမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက် ရောက်မယ်လို့ မီဒီယာက ကြေညာပါတယ်။
နယူးဆောက်ဝေးပြည်နယ် အတော်များများမှာ ဇန်နဝါရီ ၁၉ ရက်နေ့အထိ အပူချိန် ၄၁ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။