Home
မြန်မာသတင်း
အေအေနှင့်ပတ်သက်ဆက်နွှယ်မှုမရှိသည့် ရွာသား ၁၃ ဦးကို တပ်မတော်ပြန်လွှတ်ပေး
DVB
·
January 16, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှာ အေအေလက်နက်ကိုင် အဖွဲ့က ဒေသခံ ပြည်သူအသွင်နဲ့ ဝင်ရောက်ပုံဖျက်လှုပ်ရှားနေကြောင်း သတင်းအရ  မသင်္ကာတဲ့ ရွာသား ၁၅ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး ၁၃ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က မသင်္ကာဖွယ်ရွာသား ၁၅ ဦးကို အနက်ဘူးသီးတောင်နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံကို ဥပဒေနဲ့ အညီခေါ်ဆောင်လာပြီး အသေးစိတ် စစ်ဆေးမေးမြန်းခဲ့ရမှာ ၁၃ ဦးကတော့ အေအေနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိကြောင်းစိစစ်သိရလို့ သူတို့ရဲ့ ကျေးရွာတွေကို ပြန်လည် လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန် နှစ်ဦးဖြစ်တဲ့ သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ ကျေးရွာနေ မောင်ကျော်ဝင်းတို့ကတော့ အေအေအဖွဲ့အတွက် ဆက်ကြေး ကောက်ခံပေးတာနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုကို  စောင့်ကြည့် သတင်းပေးနေတယ်လို့ စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရလို့ တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှာ ရေးပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၄ ရက်မနက်က အေအေအဖွဲ့ထံ သတင်းပေးနေတဲ့  ကြိမ်သာကျေးရွာနေ ဦးစိန်ဦးနဲ့ ဦးစိန်သာကျော်တို့နှစ်ဦးကို သတင်းပေးပို့ရာမှာ အသုံးပြုတဲ့ ဆမ်ဆောင်းတယ်လီဖုန်းနှစ်လုံးနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့လို့  အရေးယူထားတယ် လို့လည်းသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024