ဗြိတိန်ဝန်ကြီးချုပ်၏ ဘရက်ဇစ်ခွဲထွက်ရေး သဘောတူညီချက် ပါလီမန်တွင် မဲခွဲရာ ရှုံးနိမ့်

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဘရက်ဇစ်ခွဲထွက်ရေး သဘောတူညီချက်ကို ဇန်နဝါရီ ၁၅ ရက်က ပါလီမန်မှာ မဲခွဲရာ မဲအရေအတွက် ၂၃၀ ကွာဟချက်နဲ့ ရှုံးနိမ့်သွားပါတယ်။ ဒါဟာ မကြာသေးမီကာလ ဗြိတိန်သမိုင်းမှာ အစိုးရတရပ်အဖို့ အဆိုးရွားဆုံး ပါလီမန်အတွင်း ရှုံးနိမ့်မှုဖြစ်ပါတယ်။ အဲဒီ မဲခွဲဆုံးဖြတ်မှုမှာ ထရီဆာမေပါတီက အမတ်တွေဖြစ်ကြတဲ့ ဘရက်ဇစ် ထောက်ခံသူတွေနဲ့ အီးယူအဖွဲ့ဝင် ထောက်ခံသူ နှစ်မျိုးစလုံး မဲပေးခဲ့ကြတာပါ။ အဲဒီနောက်မှာ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရယ်မီကိုဘင်က ဝန်ကြီးချုပ်မေရဲ့ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို ၂၄ နာရီအတွင်း မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုအခါ အီးယူကနေ ဘယ်လိုခွဲထွက်မလဲ၊ ခွဲရော ခွဲထွက်မှာလားဆိုတဲ့ ပြဿနာတွေနဲ့ နပန်းလုံးနေတာကြောင့် ရာစုနှစ်ဝက်အတွင်း အနက်ရှိုင်းဆုံး နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ပါလီမန် မဲခွဲဆုံးဖြတ်မှုမှာ ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်မေ အနေနဲ့ ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပေးသင့်တယ်လို့ စကော့တလန်ဝန်ကြီး နီကိုလာ စတာဂျင်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up