Homeမြန်မာသတင်း
ဆီဆိုင်တွေ ဆီဈေးတက်ရင်ချက်ချင်းတက်ပြီး ကျရင်ချက်ချင်းပြန်မကျဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
ဆီဆိုင်တွေ ဆီဈေးတက်ရင်ချက်ချင်းတက်ပြီး ကျရင်ချက်ချင်းပြန်မကျဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
ရန်နိုင်ဇော်ဝင်း
·
January 16, 2019
ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ စက်သုံးဆီဈေးကျရင်ချက်ချင်းမကျဘဲ ဈေးတက်ရင်တော့ ချက်ချင်းဈေးတက်တဲ့ပုံစံကို ဘက်ပေါင်းစုံကနေ ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ဒီမနက် ရန်ကုန်မှာကျင်းပတဲ့ YBS နှစ် နှစ်ပြည့်အခမ်းအနား အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။
လက်ရှိပြည်တွင်းမှာရောင်းချနေတဲ့ စက်သုံးဆီဆိုင်တွေအနေနဲ့ ရိုးသား၊ စေတနာမှန်ပြီး သွင်းလာတဲ့ဈေးနှုန်းနဲ့ သင့်တင့်တဲ့ အမြတ်တင်ရောင်းရင် ပြည်တွင်းစက်သုံးဆီဈေးဟာ ကမ္ဘာပေါက်ဈေးနဲ့ ကွာနေစရာ မလိုဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိ အစိုးရသစ်လက်ထက်မှာ အထူးအခွင့်အရေးပေးတာ ဘယ်လိုမှ မဖြစ်နိုင်ဘဲ အားလုံးဟာ အခွင့်အရေးတန်းတူဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသွားပါတယ်။