အကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု
DVB
·
September 17, 2012
အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသားတွေအပါအ၀င် အကျဉ်းသား ၅၁၄ ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၅၁၄ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့ ပြန်လည်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။