Home
မြန်မာသတင်း
ကားဝယ်ယူမှုကိစ္စ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌကို အန်အယ်လ်ဒီကထုတ်ပယ်
နော်နိုရင်း
·
January 16, 2019
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ်  ၅ စီး ဝယ်ယူခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အန်အယ်ဒီပါတီက ထုတ်ပယ်လိုက်ပါတယ်။ ဦးစံမင်းအောင်ကို ဇန်န၀ါရီ ၁၅ ရက်မှာ ပါတီကနေ ထုတ်ပယ်အရေးယူလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြောခွင့်ရသူ ဒေါက်တာမျိုးညွှန်က ဒီဗွီဘီကို ပြောပါတယ်။ “လွှတ်တော်အတွက် ကားဝယ်ယူတဲ့ကိစ္စမှာ သူ့မှာ တာဝန်ရှိတယ်လို့ အထူးစစ်ဆေးရေး အဖွဲ့က အစီရင်ခံတဲ့အတွက်ကြောင့် ကျနော်တို့ ပါတီစည်းကမ်းအရ အရေးယူလိုက်တာ။ မနေ့က အမိန့်စာထုတ်လိုက်တာ။” ပါတီအနေနဲ့သာအရေးယူတာဖြစ်ပြီး လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်နဲ့ တခြားသက်ဆိုင်ရာ တာဝန်တွေကတော့ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ ပါတီကနေ ထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး ဦးစံမင်းအောင်ကို ဒီဗွီဘီက မေးမြန်းဖို့ ကြိုးစားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ ဦးစံမင်းအောင်ဟာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ ကား ၅ စီး ဝယ်ယူခဲ့ရာမှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် အခုလို အရေးယူခံရတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်ကြားထားတဲ့အမှုတွေကို စစ်ဆေးရာမှာ ပါတီဝင် ၅၀ ကျော်ကို အရေးယူခဲ့ပြီး ဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွှန့်က ဒီဗွီဘီကို ပြောပါတယ်။ “၅၀ ကျော်လောက်ရှိပါပြီ။ တချို့ကျတော့လည်း  ပေါ့ပါးတဲ့ အရေးယူမှုပေါ့။ နုတ်နဲ့ခေါ်ယူ သတိပေးတာလောက်ပဲရှိတယ်။ တချို့ကျတော့လည်း အလုပ်အမှုဆောင်ကနေ တာဝန် ရပ်ဆိုင်းထားပါတယ်။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024