ရုံတင်ပြသနေသည့် နာမည်ကြီး အန်နီမေးရှင်းရုပ်ရှင် – How To Train Your Dragon : The Hidden World (နမူနာ)

ပရိသတ်တွေ မျှော်လင့်နေကြတဲ့ နာမည်ကြီးရုပ်ရှင် How To Train Your Dragon : The Hidden World ကို လက်ရှိ မြန်မာနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီကားကတော့ Computer-Animated Action Fantasy အမျိုးအစားရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမှာဖြစ်ပြီး ကနေဒီယန် ရုပ်ရှင်ဒါရိုက်တာ Dean DeBlois က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ DreamWorks Animation နဲ့ Universal Pictures တို့က တင်ဆက်လိုက်တာပါ။ ဒီကားထဲမှာတော့ Dragon တွေနဲ့အတူ အေးအေးချမ်းချမ်းရှိနေတဲ့ Hiccup တယောက် Hidden World တခုထဲ အမှတ်မထင် ရောက်သွားတဲ့အခါမှာ ချစ်စရာကောင်းတဲ့ Dragon Partner လေး Toothless နဲ့အတူ Hunter တွေနဲ့ဆုံပြီး စိတ်လှုပ်ရှားစရာ စွန့်စားတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာချိန်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာတွေကို ပရိသတ်တွေ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ Toothless ရဲ့ အဖော်အဖြစ် Light Fury ဆိုတဲ့ ဇာတ်ကောင်ကိုလည်း ထူးထူးခြားခြား ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Jay Baruchel, America Ferrera, Cate Blanchett, Craig Ferguson စတဲ့ သရုပ်ဆောင်တွေက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗြိတိန် အမျိုးသမီးစာရေးဆရာမ Cressida Cowell ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀၊ ၂၀၁၄ ခုနှစ်တွေမှာ အပိုင်း ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ ခုနောက်ဆုံးအပိုင်း ၃ မှာတော့ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကလေးတွေနဲ့ မသင့်တော်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေ ပါဝင်နေတာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၂၉ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး IMDb မှာတော့ Rating 8.3 ထိ ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up