Home
မြန်မာသတင်း
အစိုးရနှင့်တပ်မတော်ကြောင့် ပြည်တွင်းစစ်မီးပြင်းထန်နေဟု တီအန်အယ်လ်အေ ဝေဖန်
DVB
·
January 15, 2019
အန်အယ်ဒီ ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှုအားနည်းချက်နဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ အစဉ်အဆက် တရားသေကိုင်စွဲထားတဲ့ နိုင်ငံရေး မူဝါဒလမ်း စဉ်ကြောင့် ပြည်တွင်းစစ်မီး ဆက်လက်ပြင်းထန်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလည်း ရှေ့တိုးနိုင်မှာမဟုတ်ဘူးလို့ တီအန်အယ်အေက ဝေဖန်လိုက်ပါတယ်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ရဲ့  ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးအပြီး ဒီကနေ့ ရက်စွဲနဲ့ အခုလို ထုတ်ပြန် ပြောကြားလိုက်တာပါ။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး  တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးပါဝင်နိုင်တဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုဖြစ်စဉ် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ “မိမိတို့အနေနဲ့ စစ်ပွဲတွေရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းနိုင်ဖို့ အတွက် အဆင်သင့်ရှိတယ်” တအာင်းဒေသမှာအခြေချဖို့ ကြိုးစားနေတဲ့ RCSSဖွဲ့ကို သူတို့ ဌာနချုပ်ရှိရာဆီ ဆုတ်ခွာဖို့ တောင်းဆိုထားပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဆက်လက် မဖြစ်ပွားစေဖို့ RCSSနဲ့လည်း တွေ့ဆုံ ညှိနှိုင်း အဖြေရှာသွားဖို့ ကြိုးစားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပပြီးသွားတဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ဗဟိုကော်မတီဝင်တွေ၊ အရံဗဟိုကော်မတီနဲ့ တအာင်းတပ်မတော်တပ်မှူးတွေနဲ့ အရာရှိတွေ အပါအင် ၂၀၀ နီးပါးတက်ရောက်ခဲ့ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024