ဟာဇက်အတွက် ပေါင် သန်း ၁၀၀ ရမှ ချဲလ်ဆီး ရောင်းချမည်

ဓာတ်ပုံ - Getty Images
ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို လက်လွှတ်ရမယ်ဆိုရင် ပေါင်သန်း ၁၀၀ ရမှ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဟာဇက်ကို စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုနေတာဟာ ကာလကြာမြင့်နေပြီး ချဲလ်ဆီးအသင်းက လက်မခံတာကြောင့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ဟာဇက်ကိုယ်တိုင်ကလည်း ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အိပ်မက်ရှိခဲ့တယ်လို့ ဝန်ခံပြောကြားထားပါတယ်။ လက်ရှိ စာချုပ်သက်တမ်းအရလည်း ဟာဇက်ကို ၂၀၂၀ ပြည့်နှစ်အထိပဲ စာချုပ်ထားတာဖြစ်ပြီး သက်တမ်းတိုးဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာကြောင့်လည်း ဟာဇက်ကို ကြိုက်ဈေးရရင် ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up