ဇင်းနစ်ကွင်းလယ်လူ ပါရီဒက်စ်ကို ချဲလ်ဆီး ကမ်းလှမ်း

ဓာတ်ပုံ - Gettty
881
ချဲလ်ဆီးအသင်းဟာ ရုရှားကလပ် ဇင်းနစ်ကွင်းလယ်ကစားသမား ပါရီဒက်စ်ကို ပေါင် ၂၆ ဒသမ ၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
မိုနာကိုအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဖာဘရီဂတ်စ်နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးက ကမ်းလှမ်းခဲ့တာဖြစ်ပြီး တပတ်လုပ်ခ ပေါင် ၈ သောင်းနဲ့ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုမယ်လို့ ဆိုပါတယ်။
အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမား ပါရီဒက်စ်ဟာ ၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ဇင်းနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၉ ပွဲကစားပြီး ၁ ဂိုး သွင်းယူထားပါတယ်။
ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဇင်းနစ်အသင်းဘက်ကတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ချဲလ်ဆီးအသင်းဟာ ကက်ဂလီယာရီ ကွင်းလယ်လူ ဘာရီလာကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။