အာဖဂန်တွင် ဗုံးများတပ်ဆင်ထားသည့် ကားတစီး ပေါက်ကွဲ၊ လူ ၄ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က လုံခြုံရေး အဆင့်မြင့်တဲ့ ခြံဝင်းတခုအနီးမှာ ဗုံးတွေ တပ်ဆင်ထားတဲ့ ကားတစီး ဇန်နဝါရီ ၁၄ ရက်က ပေါက်ကွဲခဲ့ပြီး လူ ၄ ဦးထက်မနည်း သေဆုံးကာ အယောက် ၅၀ ကျော် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကဘူးလ်မြို့တော် အရှေ့ပိုင်းက Green Village ခြံဝင်းအနီး ဂျလာလာဘတ်လမ်းပေါ်မှာ ပေါက်ကွဲခဲ့တယ်၊ ဒီနေရာဟာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေ အတော်များများ ရှိတဲ့နေရာဖြစ်တယ်လို့ အာဖဂန်အစိုးရ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တပ်ဆင်ထားတဲ့ ကားတစီး ပေါက်ကွဲခဲ့တာလို့ ရဲပြောခွင့်ရ ဘတ်ရှား မူဂျာဟစ်က ပြောပါတယ်။ ဒဏ်ရာရသူ အတော်များများကို ဆေးရုံခေါ်သွားခဲ့ရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Green Village ခြံဝင်းကို အရင်ကလည်း အစ္စလာမ္မစ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up