ဆီးရီးယားကို လေကြောင်းတိုက်ခိုက်ခဲ့ဟု အစ္စရေးအစိုးရ အတည်ပြု

726
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဆီးရီးယားနိုင်ငံကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးအစိုးရက ဇန်နဝါရီ ၁၃ ရက်မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။ အီရန် လက်နက်တိုက်ကို ပစ်မှတ်ထားခဲ့တာလို့လည်း ပြောပါတယ်။
အီရန်နဲ့ မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ ပြောက်ကျားတွေ တူးထားတဲ့ နယ်စပ်ဖြတ်ကျော် ဥမင်တွေအတွက် စစ်ဆင်ရေးလည်း ပြီးပြီလို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးရဲ့ ဆီးရီးယားနိုင်ငံထဲက ပစ်မှတ်တွေအတွက် စစ်ဆင်ရေးအပေါ် ယုံကြည်မှုရှိတဲ့ လက္ခဏာကိုလည်း မြင်နေရပါတယ်။
ဒီလုပ်ရပ်တွေကြောင့် ဆီးရီးယားသမ္မတကို ကျောထောက်နောက်ခံ ပေးထားတဲ့ ရုရှားအစိုးရနဲ့ ဆက်ဆံရေး မကြာခဏ တင်းမာလေ့ရှိပါတယ်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ သူ့ရဲ့ လုံခြုံရေးအတွက် စိတ်ချရတဲ့ အထောက်အထားကို နိုင်ငံရေး ကစားကောင်း ကစားနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်နေပါတယ်။
သူဟာ ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ ပြန်ရွေးကောက်ခံရဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။
လက်ဘနွန်နိုင်ငံထဲမှာ မီတာ ၈၀၀ ရှိပြီး အစ္စရေးပိုင်နက်ထဲကို မီတာ ဆယ်ဂဏန်း ဝင်နေတဲ့ ၅၅ မီတာနက်တဲ့ ဥမင်တခုကို ဇန်နဝါရီ ၁၂ ရက်က တွေ့ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟဇ်ဘိုလာတွေကတော့ ဥမင်တွေနဲ့ပတ်သက်ပြီး မှတ်ချက် မပေးသေးပါဘူး။
ဥမင်အတော်များများ ရှိနေခဲ့တာကို လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်က အတည်ပြုထားပါတယ်။