သြစတြီးယားတွင် နှင်းထုပြိုကျမှုကြောင့် ဂျာမန်လျှောစီးသူ ၃ ဦးသေ၊ ၁ ဦး ပျောက်ဆုံး

908
သြစတြီးယားနိုင်ငံ လက်ခ်အမ်အားဘာ့ဂ် နှင်းလျှောစီး အပန်းဖြေစခန်းနားမှာ နှင်းထုပြိုကျခဲ့လို့ ဂျာမန် လျှောစီးသူ ၃ ဦး သေဆုံးခဲ့ပြီး ပျောက်နေတယ်လို့ ရဲတွေက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
နှင်းလျှောစီးခရီးစဉ်နဲ့ ရောက်လာတဲ့ လေးယောက်အုပ်စုဟာ တောင်စောင်းမှာ လျှောစီးခဲ့ကြပြီးနောက် ပျောက်နေကြောင်း သူတို့အုပ်စုထဲက တယောက်ရဲ့ ဇနီးက ကြေညာအပြီး ည ၁၁ နာရီလောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာပါ။
ဂျာမနီတောင်ပိုင်းက အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ယောက် ပျောက်နေဆဲဖြစ်ပြီး ရာသီဥတု အခြေအနေက အင်မတန် အန္တရာယ်များလို့ ရှာဖွေရေးလုပ်ငန်းတွေ ရပ်ထားရတယ်၊ ဇန်နဝါရီ ၁၆ ရက်မှာ ဆက်ရှာနိုင်ဖို့ မျှော်လင့်တယ်လို့ တောင်ပေါ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဟာမန်း ဖာချာက ပြောပါတယ်။
သြစတြီးယားနိုင်ငံ အဲ့လ်ပ်စ်တောင်တန်းဒေသမှာ အရင်သီတင်းပတ်က နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့တာပါ။ ဒါကြောင့် နှင်းထုပြိုမယ့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း လမ်းတွေ ဖြတ်တောက်ထားခဲ့ပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၅၀၀ ကျော် ဒေသမှာ သတိပေးချက် အဆင့် ၃ နဲ့ သူ့ထက်မြင့်တဲ့ ဒေသတွေအတွက် အဆင့် ၅ ထိ သတ်မှတ်ထားပါတယ်။