လွတ်လပ်ရေးကျောက်တိုင် မြေနေရာအား ပြန်လည်ဖော်ထုတ်ပေးပါ
DVB
·
September 17, 2012
ပဲခူးတိုင်းဒေသကြီး (အရှေ့) ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှာ ၁၉၅၁ ခုနှစ်က တည်ဆောက် ထားတဲ့ လွတ်လပ်ရေးကျောက်တိုင်ဟာ အခုအခါမှာ ပျက်စီးလုနီးပါးဖြစ်နေပါတယ်။
အနီးပတ်ဝန်းကျင်မှာလည်း ဆန်စက်တွေ၊ အဆောက်ဦတွေနဲ့ ဈေးဆိုင်တွေ ဆောက်လုပ်ထားတဲ့ အတွက် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရပါတယ်။
ဒီလွတ်လပ်ရေးကျောက်တိုင်ကို ဆောက်လုပ်စဉ် လူကြီးတွေက အမြော်အမြင်ကြီးစွာ နဲ့ ညောင်ပင်သာ ကျေးရွာပိုင်မြေနဲ့ မီးရထားဝန်ကြီး ဌာပိုင် မြေအနီးမှာ ဆောက်လုပ် ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတိုင်း လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်ကျင်းပနိုင်ဖို့နဲ့ မြို့အင်္ဂါရပ်နဲ့အညီ ကလေးအားကစားကွင်း ပန်းခြံ ပြုလုပ်နိုင်ရေးအတွက် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှား ရှင်းလင်းပေးဖို့ သမ္မတကြီးကို ဓာတ်ပုံများနဲ့ တကွ လေးစားစွာ တင်ပြအပ်ပါတယ်။
ညောင်ပင်သာ ရွာသားတဦး