အိုဇေးလ်ကို ရောင်းချရန် အာဆင်နယ်နည်းပြ ဆန္ဒရှိ

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ကွင်းလယ်ကစားသမား အိုဇေးလ်ကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဗြိတိန်သတင်းစာ ဒေးလီးမေးလ်ရဲ့ အဆိုအရ အမ်မရီဟာ လုပ်ခလစာကြီးမြင့်ပြီး သူ့ရဲ့ နည်းစနစ်နဲ့ အံမဝင်တာကြောင့် အိုဇေးလ်ကို ရောင်းချလိုတာလို့ ဆိုပါတယ်။ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ဟာ တပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ ရရှိနေပြီး အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒီလို လုပ်ခကြီးမြင့်တဲ့ အခြေအနေကြောင့် ကစားသမားသစ် ဝယ်ယူရာမှာ ငွေကြေးသုံးစွဲဖို့ အခက်အခဲဖြစ်နေပြီး အိုဇေးလ်ကို ရောင်းချပြီး ဘဏ္ဍာငွေရှာဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အမ်မရီဟာ အိုဇေးလ်ကို ပွဲစဉ်တချို့မှာ ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့ပြီး တခြားကစားသမားတွေက ပွဲကစားဖို့ ပိုပြီးထိုက်တန်တာကြောင့် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အိုလ်ဇေးဟာ ဝက်စ်ဟမ်းအသင်းကို ရှုံးခဲ့တဲ့ပွဲမှာလည်း ချန်လှပ်ခံခဲ့ရပြီး ဖျားနာတဲ့ ဝေဒနာကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up