Home
မြန်မာသတင်း
စစ်သုံ့ပန်း ၉ ဦးကို တီအန်အယ်အေက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  ပြန်လွှတ်ပေး
နော်နိုရင်း
·
January 14, 2019
(၅၆) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ PSLF/TNLA တအာင်းလက်နက်ကိုင် တပ်ဖွဲ့က စစ်မြေပြင်မှာဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ကိုးဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း တအာင်းနယ်မြေမှာ ဖြစ်ပွားတဲ့  စစ်မြေပြင်အတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်း ကိုးဦးကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်တာအိုက်ဘုန်းရဲ့လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်နဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့က လွှတ်ပေးလိုက်တာပါ။ ထိမ်းသိမ်းထားသူတွေကို သူတို့သွားလာလို့ရတဲ့နေရာအထိ ပို့ဆောင်ပြီး ခရီးစရိတ်ပေးကာ ပြန်လွှတ်ပေးခဲ့တာလို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး တာအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လွှတ်ပေးတဲ့နေရာကနေ သူတို့ သွားလို့လာလို့ ကားစီးလို့ရတဲ့နေရာအထိ  ကျနော်တို့က လိုက်ပို့ပေးပါတယ်။ သူတို့ သွားဖို့လာဖို့အတွက်ကလည်းကျနော်တို့က ခရီးစရိတ် လည်း ထောက်ပံ့ပေးပါတယ်။” လွှတ်ပေးလိုက်တဲ့လူတွေကတော့ ဇော်မျိုးထွန်း (ခ) ချမ်းမြေ့ထွန်း (ကြည်း-၅၈၆၈၆) ဗိုလ်ကြီး အခြေစိုက်ဗျူဟာ ကွတ်ခိုင်၊  အနိုင် (တ-၄၇၈၄၄၈) တပ်သား ခလရ (၂၄၂) ကွတ်ခိုင်။ ဆန်းဝင်း (ကပ-၈၆၁၆၅၇) တပ်ကြပ် ထပရ (၆၂၆)၊ မင်းမင်း (တ-၄၂၁၅၉၃) တပ်သား ခလရ (၂၄၂) ကွတ်ခိုင်၊ အာင်စိုးဦး (တ- ၅၁၀၈၄၃) တပ်သား ခမရ (၃၂၄) နမ္မတူ။ စိုင်းသန်းဇော်ဦး (တ-၅၂၄၄၇၁) တပ်သား ခမရ (၃၂၄) နမ္မတူ၊ ဇော်မိုးထွန်း (တ-၅၀၃၀၉၃) တပ်သား ခမရ (၃၂၄) နမ္မတူ။ အောင်နိုင်ဝင်း (တ-၂၅၄၆၈၁) တပ်သား ခလရ (၄၅) ကွတ်ခိုင်နဲ့ ဖြူမောင် တပ်သား စုစုပေါင်း (၉) ဦးတို့ဖြစ်ပါတယ်။ တအာင်းတပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးမှုအပါအ၀င် တခြားအမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေရှိပေမယ့် အခုလွတ်ပေးသူတွေကတော့ စစ်မြေပြင်မှာ သုံ့ပန်းအဖြစ် ဖမ်းဆီး ထားသူတွေကိုသာ ပြန်လွှတ်ပေးလိုက်တာလို့လည်း ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မြန်မာတပ်မတော်က  ငါး ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တဦး နဲ့ RCSS အဖွဲ့ဝင် တဦးတို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ ၅၆ နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးနေ့ အခမ်းအနားကို ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တောတွင်းတနေရာမှာ ဇန်န၀ါရီ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024