ဖိလစ်ပိုင်မှာ မီးယပ်သားဖွားခြင်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် အငြင်းပွားနေ
DVB
·
September 17, 2012
နှစ်ရာနဲ့ချီပြီး စပိန်ကိုလိုနီဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်မှာ ရိုမန်ကက်သလစ် ယဉ်ကျေးမှုက အားကောင်းနေဆဲပါပဲ။ တချိန်တည်းမှာ ဖိလစ်ပိုင်ယဉ်ကျေးမှုထဲမှာ အမေရိကန် လွှမ်းမိုးမှုကလည်း သက်တမ်းအားဖြင့် ၁၀၀ ကျော်လာပါပြီ။ ဒီလိုနဲ့ လိင်နဲ့ပက်သက်လို့ ဥပဒေတခုပြုတိုင်းမှာ ယဉ်ကျေးမှု ၂ ခုကြားမှာ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့လေ့ရှိပါတယ်။ အခုလည်းတခါ ၁၄ နှစ်ကြာလောက် ပြင်ဆင်ဆဲအဆင့်မှာ ရှိခဲ့တဲ့ ဥပဒေဟာ ဖိလစ်ပိုင်မှာ အငြင်းပွားစရာဖြစ်လာပြန်ပါပြီ။
သားဖွားမီးယပ်ကျန်းမာရေးဆိုင်ရာ ဥပဒေမူကြမ်းမှာ လိင်ပညာပေးလုပ်ငန်းတွေကို မသင်မနေရအဖြစ် ပြဋ္ဌာန်းထားသလို၊ ပဋိသန္ဓေ တားဆီးချင်တယ်ဆိုရင်လည်း အခမဲ့ ၀န်ဆောင်မှုပေးမယ့် အစီအစဉ်တွေ ပါဝင်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာမှာ နိုင်ငံအလိုက် လူဦးရေအများဆုံးစီရင် အမှတ်စဉ် ၁၂ မှာ ရှိပါတယ်။ အခုတော့ သားဖွားမီးယပ်ကျန်းမာရေး ဥပဒေမူကြမ်းကို ဆန့်ကျင်သူတွေက တဖက်၊ ကန့်ကွက်သူတွေက တဖက် ဆန္ဒပြနေကြပါတယ်။ ဇိုး ဒန်နီရယ်ရဲ့ သတင်းဆောင်းပါးမှာ နားဆင်နိုင်ပါတယ်။