အစ္စရေးပစ်ခတ်သည့် ဒုံးကျည်များကို ပစ်ချခဲ့ဟု ဆီးရီးယားပြော

အစ္စရေး စစ်လေယာဉ်တွေ ဇန်နဝါရီ ၁၁ ရက်က ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်ဆီကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် အများစုကို ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းဌာနက ပြောပါတယ်။ ဒမတ်စကတ် လေဆိပ်ထဲက ကုန်လှောင်ရုံ တလုံးဆီကို လေကြောင်း ပစ်ခတ်မှုတွေက ဦးတည်ခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်ကို ကိုးကားပြီး စာနာ သတင်းဌာနက ပြောပါတယ်။ ည ၁၁ နာရီ ဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ စာနာ မြို့တော်ရဲ့ ကောင်းကင်မှာ ပေါက်ကွဲမှုတွေရဲ့ အလင်းရောင်တွေ ထင်ဟပ်နေပုံ ရုပ်သံကို ရိုက်တာ သတင်းဌာနက ထုတ်လွှင့်ပြသပါတယ်။ အစ္စရေးဟာ ဆီးရီးယားနိုင်ငံကို တိုက်ခိုက်မှုတွေ တိုးလုပ်နေပါတယ်။ ၂၀၁၁ ဆီးရီးယား စစ်ပွဲ စတည်းက ဆီးရီးယား သမ္မတကို ကျောထောက်နောက်ခံ ပေးနေတဲ့ အီရန်က ဆီးရီးယားမှာ သြဇာ ပိုကြီးလာတာကို တုံ့ပြန်မှု အစိတ်အပိုင်းလို့လည်း မီဒီယာတွေက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up