အမေရိကန်တွင် ဆောင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

749
အမေရိကန် နိုင်ငံတလွှား ရော့ကီးစ် တောင်တန်းတွေနဲ့ လွင်ပြင်တွေ တလျှောက်ကို ကြီးမားတဲ့ ဆောင်းမုန်တိုင်း ဇန်နဝါရီ ၁၁ ရက်က စပြီး တိုက်ခတ်နေပါတယ်။
ဒါကြောင့် နိုင်ငံအလယ်ကနေ အပေါ်ပိုင်း တဝက်ကျော်ကျော်ထိ မိုင် ၁၈၀၀ တလွှားမှာ နှင်းတွေ ကျနေတာပါ။
မက္ကဆီကို နိုင်ငံကနေ တိုက်ခတ်လာတဲ့ မိုးဟာ အမေရိကန် နိုင်ငံထဲက အေးခဲနေတဲ့ လေထုနဲ့ တွေ့ဆုံအပြီး နှင်းတွေအဖြစ် ပြောင်းသွားခဲ့ပါတယ်။
ဒါကြောင့် ဒန်ဗာမြို့ တောင်ပိုင်းက တောင်တန်းတွေမှာ နှင်းထု ၁၈ လက်မထိ ကျဆင်းမယ်လို့ မျှော်လင့်ကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။
အဲဒီနောက် မုန်တိုင်းက အရှေ့ဘက်ကို ဆက်ရွေ့လာျးလာပြီး မစ်ဆူရီနဲ့ စိန့်လူးဝစ် မြို့တွေမှာ နှင်းထု ၁၆ လက်မထိ ကျဆင်းဖို့ ရှိနေပါတယ်။
“ကဲန်းဆတ်နဲ့ အာကဲန်းဆတ် ပြည်နယ်တွေမှာ နှင်းထု ၆ လက်မ၊ ဝါရှင်တန်ဒီစီမြို့မှာ နှင်းထု ၄ လက်မထိ ရွာကျမယ်။ အဲဒီနောက် တနင်္ဂနွေနှောင်းပိုင်းမှာ မုန်တိုင်းဟာ ပင်လယ်ထဲ ဦးတည်သွားမယ်” လို့ AccuWeather အကရုဝယ်သာ မိုးလေဝသ ဌာနက ပြောပါတယ်။
နှင်းမုန်တိုင်းကျတဲ့ ဒန်ဗာလို လေဆိပ်တွေကြောင့် သောကြာနေ့မှာ လေကြောင်းခရီးစဉ် ၁၄၃၁ ခု ဖျက်သိမ်းရပြီး တခြားလေကြောင်းခရီးစဉ် တသောင်း ၂ ထောင် ၄၆၅ ခု အချိန် နှောင့်နှေးခဲ့တယ်လို့ လေကြောင်း ခရီးစဉ်တွေကို ထောက်လှမ်းတဲ့ FlightAware.com အင်တာနက် စာမျက်နှာက အစီရင်ခံပါတယ်။
စိန့်လူးဝစ် အရေးပေါ် စီမံခန့်ခွဲရေး အရာရှိတွေက ခရီးသွား အသွားအလာ အနှောင့်အယှက် ဖြစ်တာနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေအတွက် ပြင်ဆင်ထားတယ်လို့ ဌာန ပြောခွင့်ရ ထရေစီ ပါးနပ်စ်က ပြောခဲ့ပါတယ်။