ပြင်သစ် ဓာတ်ငွေ့ယိုစိမ့်ပေါက်ပွဲ၍ ၃ ဦးသေ၊ ၅ဝ ခန့် ဒဏ်ရာရ

ပြင်သစ်နိုင်ငံ ပါရီမြို့လယ် အဆောက်အဦတခုရဲ့ မြေညီထပ်မှာ ဇန်နဝါရီ ၁၂ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုအတွင်း မီးသတ်သမား ၂ ဦး သေဆုံးပြီး လူ အယောက် ၅၀ နီးပါး ဒဏ်ရာရတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ခရစ်စတို့ဖှ် ကာစတာနာက ပြောပါတယ်။ စပိန်နိုင်ငံသား တယောက်လည်း သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၃ ဦး ရှိသွားပြီလို့ စပိန် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဘော်ရဲလ်က ပြောပါတယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် မီတာရာချီတဲ့ နေရာက အဆောက်အဦတွေ တုန်လှုပ်ခဲ့တာပါ။ ပါရီမြို့လယ် ရိပ်သာ လမ်းမကြီးထဲက ရွီထရီဗီစ် ရပ်ကွက်အတွင်း အဆောက်အဦတခုရဲ့ မြေညီထပ်တခုလုံး ပွင့်ထွက်ခဲ့ပါတယ်။ ဝတ်စုံဝါ ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေလို့ ပါရီရဲတွေကို တပ်လှန့်မှု မြှင့်ထားချိန်မှာ ခုလို ပေါက်ကွဲတာပါ။ မီးသတ်သမား အယောက် ၂၀၀ ကျော်က ရှာဖွေကယ်ဆယ်ရေး လုပ်နေပြီး ရဟတ်ယာဉ် ၂ စီးကိုလည်း ဒဏ်ရာရသူတွေကို သယ်ထုတ်ဖို့ အနားက ပြဇာတ်ရုံမှာ ရပ်နားထားပါတယ်။ ဝတ်စုံဝါဝတ် ဆန္ဒပြသူတွေရဲ့ အကြမ်းဖက်မှုကို ထိန်းသိမ်းဖို့ ရဲတွေက အရံအတားတွေ ချထားတဲ့အတွက် လူနာတင်ယာဉ်တွေ အခင်းဖြစ်ရာကို ဝင်ဖို့ ခက်ခဲနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up