ဓာတ်ဆီရရန် တန်းစီနေသည့်လူတန်းရှည်ကြီးကို မက္ကဆီကိုတီးဝိုင်း ဖျော်ဖြေ(ရုပ်သံ)

People play Sinaloan band music at a gas station in Morelia, Michoacan, Mexico January 9, 2019 in this picture obtained via social media. Charles Cuin/via REUTERS
846
လောင်စာဆီရဖို့အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသူတွေကို မက္ကဆီကို တေးဂီတအဖွဲ့တခုက ဂီတတူရိယာတွေနဲ့ တီးမှုတ်ဖျော်ဖြေပေးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံ မီချွာကန် ဒေသက မိုရီလီယာ မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
နိုင်ငံရဲ့ ဓာတ်ဆီအကြပ်အတည်းကြောင့် မိုရီလီယာ ဒေသခံ မြောက်မြားစွာဟာ လောင်စာဆီရဖို့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရပြီး သူတို့ဒီလို စောင့်ဆိုင်းနေရချိန်မှာ တီးဝိုင်းက တီးမှုတ်ဖျော်ဖြေမှုပြု လုပ်ပေးခဲ့တာပါ။
မြို့တော် မက္ကဆီကိုစီးတီး အခြေစိုက် Banda Cruz de la Candelaria တီးဝိုင်းအဖွဲ့က ဒီလို ဆန်းဆန်းပြားပြားဖျော်ဖြေမှုကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး Sinaloana Band အမျိုးအစား တေးဂီတကို တီးမှုတ်ဖျော်ဖြေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သူတို့ဖျော်ဖြေလို့ ၁၀ မိနစ်ကြာမှ နိုင်ငံပိုင် PEMEX ရေနံ ကုမ္ပဏီက ဆီဘောက်ဆာ ကားက ဓာတ်ဆီဆိုင်ကို ရောက်ရှိလာခဲ့တာကိုလည်း ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်မှာ မြင်တွေ့ခဲ့ရပါတယ်။
မက္ကဆီကိုအစိုးရရဲ့ လောင်စာဆီ ခိုးယူမှုတိုက်ဖြတ်ရေး ဆောင်ရွက်ချက်ကြောင့် မက္ကဆီကို နိုင်ငံမှာ ဓာတ်ဆီ ရှားပါးပြတ်လတ်မှု ဖြစ်ပေါ်လျက်ရှိပြီး သမ္မတအန်ဒရီ မန်နျူရယ်လိုပတ်ဇ် အိုဘရာဒိုရဲ့ လုပ်ရပ်ကို စီးပွားရေးလုပ် ငန်းရှင်တွေဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။