ကျဆုံးရဲတပ်သားများကို ကူညီရန် နိုင်ငံကျော်အဆိုတော်အချို့ လက်မှတ်ပါ ဂစ်တာ လေလံတင်
DVB
·
January 12, 2019
ရက္ခိုင်တပ်မတော် (အေအေ) အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားတဲ့ ရဲတပ်သားမိသားစုတွေကို ကူညီဖို့အတွက် ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက နိုင်ငံကျော်အဆိုတော်တချို့ရဲ့ လက်မှတ်တွေပါတဲ့ ဂစ်တာ တလက်ကို လေလံတင်လိုက်ပါတယ်။
IC အဖွဲ့ရဲ့ အဆိုတော်တွေဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်း တို့ရဲ့ အမှတ်တရ လက်မှတ်တွေထိုးထားတဲ့ ဂစ်တာဖြစ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ လေလံဈေး ၁၅ သိန်းနဲ့ စဖွင့်ထားတာပါ။
ဂစ်တာက ၉၅ ရာခိုင်နှုန်း အသစ်ဖြစ်ပြီး လေလံကိုတော့ ဒီနေ့ ညနေ ၆ နာရီမှာ ပိတ်သွားမယ်လို့ သိရပါတယ်။
အခုလ ၄ ရက်နေ့ မနက်က ဘူးသီးတောင်ရှိ ရဲကင်းစခန်း ၄ ခုကို အေအေက ဝင်တိုက်ခဲ့ပြီး ရဲ ၁၃ ယောက် ကျဆုံးခဲ့ပါတယ်။