Live
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 12, 2019
မတ်ပဲ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၇ဝဝဝ ပေါက်ဈေးရှိပြီး ၂၄ဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၈ဝဝဝ  မှ ၇ဝဝဝဝ ပေါက်ဈေးရှိပြီး ၁ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၃ဝဝဝကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) တအိတ်ကို ၆၆၈ဝဝ ပေါက်ဈေး ရှိပြီး ၃၁ ဝဝကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို ၇၆၂ဝဝ  ပေါက်ဈေးရှိပြီး ၃ဝဝကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ၉၄ဝဝကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကြက်သွန်နီ ရန်ကုန်ဘုရင့် နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတစ်ပိဿာကို ၃ဝဝ မှ ၉ဝဝ ပေါက်ဈေးရှိပြီး ၅ဝကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ၂ဝဝ မှ ၇၇၅ ပေါက်ဈေးရှိပြီး ၃ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၂၅ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲV2 မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲV2က ၅၇.၂၅ ပိဿာဝင်တအိတ်ကို ၇၂ဝဝဝ  ပေါက်ဈေး ရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲV2တအိတ်ကို ၇ဝ၅ဝဝ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနှင့် ပခုက္ကူကုန်စည်ဒိုင်မှာ ၁၅ဝဝကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းဖြူ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၅၆ဝဝဝ မှ ၁၆၅ဝဝဝ ပေါက်ဈေးရှိပြီး ၁ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို  ၁၅၅ဝဝဝ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၁ဝဝဝဝကျပ် ဈေးကွာခြားမှုရှိပါတယ်။ နှမ်းနက်စမုံ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံတအိတ်ကို ၂၁၅ဝဝဝ  မှ ၂၂၅ဝဝဝ ပေါက်ဈေးရှိပြီး ၅ဝဝဝကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ၂၁၅ဝဝဝ မှ ၂၂၂ဝဝဝ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၃ဝဝဝကျပ် ဈေးကွာခြား မှုရှိပါတယ်။   ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024