Home
မြန်မာသတင်း
ချောက်​မြို့ ကားကြီး​ကွင်း ​အရည်အသွေးမီဆောက်လုပ်ရန် ဝန်​ကြီး ပြော
DVB
·
January 12, 2019
မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မှာ မြို့လိုအပ်​ချက်​အရ အ​ကောင်​ထည်​​ဖော်​ဖို့ စီစဉ်​နေတဲ့ ကာကြီးကွင်းကို ​ထောက်​ခံတဲ့လူ ရှိသလို ကန့်​ကွက်​သူလည်း​ ရှိ​နေတဲ့အတွက်​ ဂရုစိုက်​​ဆောင်​ရွက်​ ဖို့ တိုင်း​ဒေသကြီး အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်​ပင်​သာယာ​ရေးဝန်​ကြီးဌာန ဝန်​ကြီး ဦး​ဇော်​မင်းက ပြောပါတယ်။ “သိန်း​ပေါင်း ​လေးငါး​ထောင်​ အကုန်​ခံလုပ်​ပြီး​တော့ ဘာမှလည်း အကျိုးမရှိဘူး။ မြို့ထဲမှာ အကျိုးရှိ​အောင် မလုပ်​ဘဲ မြို့ပြင်​ထွက်​ပြီး ဘာလုပ်​တာလဲ ဆိုတာ​တွေ ဖြစ်​မလာ​အောင်​ အဲဒီ​တော့ ​ကော်​မတီ ဆုံးဖြတ်​ချက်​ကို အများကြီး သတိထားပါ၊ အရည်​အ​သွေး ညံ့​အောင်​​မလုပ်​ပါနဲ့ ​သေချာ မီအောင်​လုပ်​ပါ၊ အပြစ်​​ပြောမခံရ​စေနဲ့၊ ​ချောက်​က နှစ်​ဖွဲ့မဟုတ်​ဘူး ငါးဖွဲ့​လောက်​ ကွဲ​နေတာ။” မြို့အတွက်​ တကယ်​လိုအပ်​တယ်လို့ လုပ်တာဖြစ်ကြောင်း မြို့​တော်​စည်​ပင်​သာယာ​ရေး ​ကော်​မတီဥက္ကဋ္ဌ ဦး​ကျော်​ဝင်းက ပြောပါတယ်။ “ကျနော်​တို့မြို့ရဲ့ လက်​ရှိကားကွင်းက ကျဉ်​လည်းကျဉ်းတယ်​။ ကားကွင်း အပြင်​ထုတ်​လိုက်​ရင်​ ​ဈေးမှာဖြစ်​​နေတဲ့ လမ်းကြပ်​တဲ့ ပြဿနာ၊ လူ​နေအိမ်​​တွေနဲ့ထိစပ်​​နေတဲ့ ပြန်​ကျ​ဈေး ပြဿနာ​၊ ကားကွင်းအ​ဟောင်း​နေရာကိုလည်း ပြန်​ကျ​ဈေး ပြန်​သုံးမယ်​ ရည်​ရွယ်​ထားလို့ ပိုအဆင်​​ပြေသွားမယ်။” ​ချောက်​မြို့နယ်​ စည်​ပင်​သာယာ​ရေးအဖွဲ့ အင်​ဂျင်​နီယာ ဦးခိုင်​​ဇော်​မိုးက “​မြေအ​နေနဲ့ ၁၁.၂ ဧက ရရှိထားပြီး​တော့ လုပ်​ရမယ့် အ​နေအထားက ​တောင်​ကုန်းတဖက်​ ​ချောက်​တ​ဖက်​ ကုန်းဖြို ​ချောက်​ဖို့ လတ်​တ​လော ​မြေ​နေရာ ​ဖော်​​ဆောင်​​ရေး ဦး​စား​ပေး​ဆောင်​ရွက်​ရမှာဖြစ်​ပြီး​တော့ ဝန်​ကြီးကလည်း သုံးစွဲစရိတ်​ တင်​ထားတဲ့ သန်း (၁၅၀) ကို အကုန်​မသုံး​စေချင်​ဘူး။ တိုင်းအစိုးရအဖွဲ့ကို စက်​ယန္တရား ငှား​ပေးမယ်၊​ ​ငွေပို​အောင်​လုပ်၊​ ပိုလာရင်​ ​မြို့ထဲက လမ်း​တွေ ​ကောင်း​ကောင်းလုပ်​မှာလား၊ ​ရေ​မြောင်း​တွေ ​ကောင်း​ကောင်း လုပ်​မှာလား၊ လုပ်​လိုက်​လို့ ညွှန်​ကြားထားတယ်။ ​လော​လောဆယ်​​တော့ ​မြေ ၅ ဧကကို ဒီ ၁၈-၁၉ ဘတ်​ဂျက်မှာ​တော့ ပြီးနိုင်​တယ်” လို့​ ပြောပါတယ်​။ အဝေးပြေးကားကြီးကွင်း မြေနေရာကို အကျယ် ၁၁ ဒသမ ဝ၂ ဧက ရှိ အမှတ် (၁၀) နယ်မြေ၊ အေးစေတီရပ်ကွက်၊ အရှေ့တောင် ကွင်းအမှတ် ၂၂၉၂ (ကျွန်းဖိုပင်ကွင်း) မှာ  တည်ဆောက်မယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024