စပိန်တွင် လေယာဉ်ပျက်ကျမှုကြောင့် ၂ ဦးသေဆုံး

စပိန်နိုင်ငံ မြောက်ပိုင်းမှာ လေယာဉ်တစီး ဇန်နဝါရီ ၉ ရက်က ပျက်ကျအပြီး လူ ၂ ယောက် သေဆုံးတယ်လို့ ရိုက်တာ သတင်းဌာနက ဇန်နဝါရီ ၁၀ ရက်မှာ အစီရင်ခံပါတယ်။ ဘတ်စ်ကေး ဒေသအတွင်း မြူထူနေတဲ့ အခြေအနေမှာ လေယာဉ် ပျက်ကျခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ ပထမ အလောင်းကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ လေးနာရီ လောက်မှာ လေယာဉ် အပျက်အစီးနဲ့ မီတာ ၅၀ အကွာကနေ ရှာတွေ့ခဲ့ပါတယ်။ ဒုတိယ အလောင်းကို နောက်နေ့မှာ ရှာတွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပြီး ကယ်ဆယ်နေပုံ ရုပ်သံတွေကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ တင်ပြခဲ့ပါတယ်။ အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသတ်မှတ်ဖို့ တောင်ပေါ်ကနေ သယ်သွားပြီလို့လည်း ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up