ကျူးဘားတွင် ကားတိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ၇ ဦးသေဆုံး၊ ၃၃ ဦး ဒဏ်ရာရ

560
ကျူးဘားနိုင်ငံ အနောက်ပိုင်းမှာ ဇန်နဝါရီ ၁ဝ ရက်က ဘတ်စ်ကား မတော်တဆမှုကြောင့် နိုင်ငံခြားသား ခရီးသည်တွေ အပါအဝင် လူ ၇ ယောက်ထက် မနည်းသေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရပါတယ်။
ဘတ်စ်ကားပေါ်ပါတဲ့ ခရီးသည် အယောက်လေးဆယ်ထဲက ၂၂ ယောက်ဟာ နယ်သာလန်၊ ဗြိတိန်၊ ပြင်သစ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေက ဖြစ်တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံ ပါတယ်။
ဒဏ်ရာရတဲ့ ကလေး ၂ ယောက် ထဲက တယောက်ဟာ စပိန်နိုင်ငံသားလို့ ဆရာဝန်တွေက ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံဆီ ချက်ချင်းပို့ပေးခဲ့တယ်လို့ သူတို့ကို ကုသပေးခဲ့တဲ့ ဆရာဝန် တယောက်က ပြောပါတယ်။
ဘတ်စ်ကား မောင်းသူက ကားကို မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။