ဂျာမနီတွင် နှင်းများထူထပ်စွာ ကျရောက်၊ ရဟတ်ယာဉ်များသုံး၍ ဖယ်ရှား

ဂျာမနီနိုင်ငံ မြူးနစ်ခ်ျမြို့အနား မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေး လမ်းမကြီးတလျှောက်က သစ်ပင်တွေထိပ်မှာ နှင်းတွေ ထူထူထဲထဲတင်နေလို့ ကိုယ်ပိုင် ရဟတ်ယာဉ်ကိုသုံးပြီး နှင်းတွေ ဖယ်ချနေတာကို ဇန်နဝါရီ ၁၁ ရက်က တွေ့ရတာပါ။ ထင်းရှူးပင်တွေပေါ် တင်နေတဲ့ နှင်းထုက တန်ပေါင်းများစွာ လေးနေလို့ အဝေးပြေး လမ်းပေါ် ဖြတ်မောင်းတဲ့ ကားတွေပေါ် ကျနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဂျာမနီနိုင်ငံ ဘာဗားရီးယား ဒေသတွင်း ခရိုင်ငါးခုမှာ နှင်းအကြီး အကျယ်ကျဆင်းလို့ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။ ကျောင်းတွေ ပိတ်ထားရပြီး လမ်းတွေလည်း ပိတ်ဆို့နေတာပါ။ တချို့ မြို့တွေမှာ နှင်းတွေကို ရှင်းရေး ကူညီဖို့ စစ်တပ်ကို အကူအညီ တောင်းထားရပါတယ်။ ဂျာမနီနဲ့ ချက်သမ္မတနိုင်ငံ နယ်စပ်က ဆာဇိုနီပြည်နယ် မြောက်ပိုင်းမှာ သစ်တော လုပ်သားတွေက ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သစ်တောတွေထဲကို ဝင်တဲ့ လမ်းဘေး တလျှောက် သစ်ပင်တွေကို ခုတ်လှဲခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up