လီဗာပူးနည်းပြနှင့် ဗန်ဒိုက် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံးဆုရရှိ

လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ပ်နဲ့ နောက်ခံကစားသမား ဗန်ဒိုက်တို့ဟာ ဒီဇင်ဘာအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိခြေစွမ်းထက်မြက်မှုကို ပြသနိုင်ထားပေမယ့် နောက်ဆုံးနှစ်ပွဲဆက်အဖြစ် မန်စီးတီးအသင်းနဲ့ ဝုဗ်အသင်းတို့ကို ရှုံးနိမ့်ထားပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်အတွက်တော့ ခံစစ်ပိုင်း ပြဿနာတွေရှိနေပေမယ့် နည်းပြကလော့ပ်ကတော့ စိုးရိမ်မှုမရှိဘူးလို့ ပြောကြားထားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒီဇင်ဘာလအတွက် အကောင်းဆုံးဆုရခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လဟာ သူတို့အသင်းအတွက် တပွဲချင်းစီ အရေးပါခဲ့ကြောင်း၊ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားအတွက်တော့ စိုးရိမ်ပူပန်နေတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီးတော့ ရလဒ်ကောင်းတွေ စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပြီးတော့ အခုအချိန်ဟာ ပရီးမီးယားလိဂ်ဘယ်ပွဲကိုမဆို ၃ မှတ်အရယူနိုင်တယ်ဆိုတာပြသဖို့ အချိန်ရောက်ရှိနေပြီလို့ ဆိုပါတယ်။ လီဗာပူး အသင်းဟာ လက်ရှိမှာတော့ ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၁ နေရာမှာရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို ၄ မှတ်ဖြတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up