နျူလက်နက်ကင်းစင်ရေး မြောက်ကိုရီးယား ရဲရဲတင်းတင်း ခြေလှမ်းသင့်ဟု တောင်ကိုရီးယား ပြော

ဓာတ်ပုံ - Reuters
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် ရဲရဲတင်းတင်း ခြေလှမ်းသင့်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်က “ကင်ဂျုံအန်း တရုတ်ပြည်ကိုသွားတာဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်တော့မယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တရုတ်ရဲ့ အခန်းကဏ္ဍ အများကြီးကို ပါဝင်ပါတယ်။ "မြောက်ကိုရီးယားအနေနဲ့ သူ့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို အလျင်အမြန် ရုပ်သိမ်းစေဖို့အတွက် ရဲရဲတင်းတင်းကို ခြေလှမ်း လှမ်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒဏ်ခတ်မှုရုပ်သိမ်းရေး ဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားရဲ့ နျူလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်ချက် အမြန်နှုန်းနဲ့ သက်ဆိုင်ပါတယ်။ “တောင်ကိုရီးယားပဲဖြစ်ဖြစ်၊ ဂျပန်နဲ့ ဂူအမ်တို့လို ဗျူဟာမြောက် နေရာတွေမှာရှိတဲ့ အမေရိကန်တပ်တွေဟာ မြောက်ကိုရီးယား တနိုင်ငံတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ တည်ရှိမှုဟာ မြောက်အာရှဒေသတခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up