Saturday, June 3, 2023
HomeLead Storyဂျပန်တွင်ကျင်းပသည့် ကံအကောင်းဆုံးလူ အပြေးပြိုင်ပွဲ လူ ၅၀၀၀ ခန့် ပါဝင်ဆင်နွှဲ

ဂျပန်တွင်ကျင်းပသည့် ကံအကောင်းဆုံးလူ အပြေးပြိုင်ပွဲ လူ ၅၀၀၀ ခန့် ပါဝင်ဆင်နွှဲ

ဂျပန်နိုင်ငံ အနောက်ပိုင်း နီရှီနိုမိယာ ဘုရားကျောင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ကံအကောင်းဆုံးလူ အပြေးပြိုင်ပွဲ ကျင်းပခဲ့ပြီး လူပေါင်း ၅,၀၀၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဲဒီအပြေးပြိုင်ပွဲကို ဒေသစံတော်ချိန် မနက် ၆ နာရီက ဗုံစည်းချက်နဲ့အတူ စတင်ပြီး လူအုပ်ကြီးဟာ မီတာ ၂၃၀ အကွာဝေးမှာရှိတဲ့ ဘုရားကျောင်း ဝင်ပေါက်ရှိရာကို ပြေးပါတော့တယ်။

ဒီနှစ်အဖို့ ဟီရိုရှီးမားက အသက် ၂၂ နှစ်အရွယ် မီးသတ်သမား ယုကီ ယာမာမိုတိုက ကံအကောင်းဆုံးလူဆု ရခဲ့ပါတယ်။

ဆုရသူ ယာမာမိုတိုက ဆုရရှိတဲ့အတွက် အလွန်ပျော်ရွှင်မိကြောင်း မီဒီယာကို ပြောခဲ့ပါတယ်။

နီရှီနိုမိယာ ဘုရားကျောင်းဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး နတ်ဘုရားကျောင်းပဲ ဖြစ်ပါတယ်။

၁၄ ရာစုကစလို့ ဒီကနေ့အထိ ဘုရားကျောင်းကို ပထမဆုံး လာရောက်ရှစ်ခိုးတဲ့ သူဟာ တနှစ်တာပတ်လုံး ကံကောင်းတယ်လို့ ဘုရားကျောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီယုံကြည်မှုကနေ နှစ်စဉ် အပြေးပြိုင်ပွဲ ဖြစ်ပေါ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular