ပြေတီဦး၊ စိုးမြတ်သူဇာ၊ မိုးဟေကိုတို့ ပါဝင်သည့် အချစ်ဟာသရုပ်ရှင်-လူပျိုသိုးည (နမူနာ)
DVB
·
January 11, 2019
ပရိသတ်အချစ်တော် နာမည်ကြီး သရုပ်ဆောင်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ပြေတီဦး၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့ အဓိက ခေါင်းဆောင်ပါဝင်ထားကြတဲ့ လူပျိုသိုးည ရုပ်ရှင်ကားကို ဒီကနေ့ကစ ရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဓနုတ် ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို မင်းကိုစိုးက ဇာတ်ညွှန်းခွဲထားပေးခဲ့ကာ ဒါရိုက်တာ ကျော် သားကြီးက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
လူပျိုသိုးည ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကားထဲမှာတော့ ရပ်ကျော်ရွာကျော် အပျိုသိုး၊ လူပျိုသိုး တူဝရီး ၂ ယောက်အဖြစ် ပြေတီဦးနဲ့ စိုးမြတ်သူဇာတို့က အတွဲညီညီ ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီး ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဗေလုဝ၊ တက္ကသိုလ် ဂွမ်းပုံ၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်တို့ကလည်း အားဖြည့် ပါဝင်ထားကြပါတယ်။
ပေါ့ပေါ့ပါးပါး ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာဖြစ်ပါတယ်။