Home
မြန်မာသတင်း
မောင်​​တောတွင် ရွာသား ၁ ဦး ဆင်​ရိုင်းအနင်းခံရပြီး သေဆုံး
DVB
·
January 11, 2019
မောင်​​တောမြို့နယ်​ ​မြောက်​ပိုင်း ​နယ်​​မြေ ၄ လိပ်​ရအုပ်​စုမှာ ဇန်​နဝါရီ ၁၀ ရက်​ညက ​ကျောက်​ချောင်း​ကျေးရွာသားတ​ဦး ဆင်​ရိုင်းနှင်း​သတ်​ခံပြီး​ သေဆုံးသွား​ကြောင်း ​ကျောက်​​ချောင်း​​ ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ရေဇာဝါအိစ္စလာမ်​က ပြောပါတယ်။ “ညအချိန်​ပါ အိမ်​ကထွက်​ပြီး အပေါ့သွား​နေတဲ့အချိန်​မှာ ဆင်​ရိုင်းက နင်းသတ်​လိုက်​တာပါ။ ​​​သေသွားသူက ​ကျောက်​​ချောင်း​ကျေးရွာမှာ ​နေတဲ့ ​​ရှောင်းရှူးအာ​လောင်​ ဖြစ်​ပါတယ်​။ ၀ဲဘက်​မျက်​လုံးပွန်းပဲကာ ၀မ်းဗိုက်​ပွန်းပဲ့ပြီး ဒူ​အောက်​ပိုင်းအရိုး​ကြေမွကျိုးသွားပါတယ်​။ ဆင်​က နှာမောင်းနဲ့လိမ်​ပြီး ရိုက်​သတ်​လိုက်​တာဖြစ်​နိုင်​ပါတယ်​။ ​သေဆုံးသူ အ​လောင်းကို​တော့ ​မောင်​​တော​ဆေးရုံကို ပို့​ဆောင်​ထားပါတယ်” ​လို့ ​ပြောပါတယ်​။ ​ကျောက်​​ချောင်း​ကျေးရွာမှာ​ အရင်က အိမ်​​ခြေ ၁၀၀ ​ကျော်​ရှိ​ပေမယ့်​ အခု ၁၁ အိမ်​ပဲရှိပါတယ်။ ဒီဇင်​ဘာ ၂၃ ရက်​​နေ့ကလည်း မီးတိုက်​​ချောင်းဝရဲကင်းစခန်းနဲ့ ကွမ်းသီးပင်​​ချောင်းဝ ရဲကင်းစခန်​ကြား စခန်းအနီးကို ရောက်​ရှိလာတဲ့ ​တောဆင်​ရိုင်းအုပ်​မှ ​တောဆင်​ရိုင်းသုံး​ကောင်​ဟာ​ ရဲကင်းစခန်း ခြံစည်းရိုးတံခါးကိုဖျက်ဆီးပြီး ၀င်​​ရောက်​​သောင်းကျန်း အန္တရာယ်​ပြုလာတဲ့အတွက်​ ​ခြောက်​လှန်​ပစ်​ခတ်​ခဲ့ရာ ​တောဆင်​ရိုင်းရဲ့ ဦး​ခေါင်း​ ​သေနတ်​ထိမှန်​ဒဏ်​ရာရှိပြီး ​သေဆုံးသွားခဲ့​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024