ကစားသမားခေါ်ယူရန် တရားမဝင် ချဉ်းကပ်သည့် ဘိုင်ယန်အသင်းကို ချဲလ်ဆီး တိုင်ကြားရန် စီစဉ်

လူငယ်ကစားသမား ဟတ်ဆန်အိုဒွိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန်အသင်းကို ဖီဖာထံတိုင်ကြားသွားဖို့ ချဲလ်ဆီးအသင်းက စီစဉ်နေပါတယ်။ ဘိုင်ယန်အသင်းဟာ ဟတ်ဆန်အတွက် ပေါင် ၃၅ သန်း ပေးမှာဖြစ်ပြီး ကနဦးအနေနဲ့ ပေါင် ၁၅ သန်းကနေ သန်း ၂၀ အထိပေးပြီး ကစားသမားရဲ့ မိသားစုနဲ့ အေးဂျင့်ကို မက်လုံးပေး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘိုင်ယန်အသင်း အားကစားဒါရိုက်တာ ဆန်လီကလည်း ဟတ်ဆန်အိုဒွိုင်းနဲ့ ပတ်သက်ပြီး လျင်မြန်မှုရှိသလို ဘောလုံးဆွဲပြေးတာ ကောင်းတာကြောင့် အသင်းနဲ့ အံဝင်လိမ့်မယ်လို့ ချီးကျူးထားတာပါ။ ဒီလိုပြောကြားမှုဟာ ပရီးမီးယားလိဂ်မှာဆိုရင် အရေးယူခံရမှာဖြစ်ပေမယ့် ဖီဖာစည်းမျဉ်းအရတော့ အရေးယူလို့မရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းကတော့ ကစားသမားကို တရားမဝင် ခေါ်ယူဖို့ ချဉ်းကပ်တယ်လို့ ယူဆတာကြောင့် သက်သေအထောက်အထားတွေကို စုဆောင်းနေပြီး ဖီဖာကို တိုင်ကြားသွားမယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းဟာ အခုနှစ်ရာသီမှာ ၈ ပွဲပဲ ပွဲထွက်ကစားခွင့် ရထားပေမယ့် အနာဂတ်မှာ ခြေစွမ်းပြနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up