R ဇာနည်သားငယ်လေး ချစ်ချစ်တုန်၏ ၁ နှစ်ပြည့်မွေးနေ့ ချစ်စဖွယ်ပုံရိပ်များ (ဓာတ်ပုံ)
DVB
·
January 10, 2019
နာမည်ကြီးတေးသံရှင် R ဇာနည်နဲ့ မော်ဒယ်လ် ၀မ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ဟာ ဒီကနေ့မှာတော့ အသက် ၁ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ချစ်စရာကောင်းတဲ့ အလှဓာတ်ပုံတွေကိုတော့ အစ်ကိုဖြစ်သူ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ရဲ့ ဖေ့စ်ဘွတ်ခ်က တဆင့် မျှဝေထားခဲ့တာဖြစ်ပါတယ်။
တနှစ်ပြည့် သားငယ်လေးအတွက် မွေးနေ့ဆုတောင်းကိုတော့ ဖခင်ဖြစ်သူ Rဇာနည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ခုလိုရေးသားဆုတောင်း ပေးထားခဲ့တာပါ။
“Happy Birthday 🎂🎈🎉🎊🎁 သားငယ်လေး❤️ သားလေးရှိလာတော့ ပါပါး ပိုလိမ္မာသွားတော့မယ် ❤️ အရမ်းချစ်တယ် မိန်းမရယ် သားကြီးကိုကိုဖစ်ရယ် ချစ်လေးရယ် ကျေးဇူးလဲအရမ်းတင်ပါတယ် အရမ်းချစ်တယ်”
ချစ်ချစ်တုန်ရဲ့ တနှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တရားအလှူပွဲကိုတော့ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ဒီကနေ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။