Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိ
DVB
·
January 10, 2019
Union Biblical Seminary က နှစ်စဉ်ပေးအပ်တဲ့ Doctor of Human Letters လူသားချင်း စာနာထောက်ထားမှု ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ရရှိခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို မန်းဝင်းခိုင်သန်း၊ ဒေါ်အေးအေးချို၊ ဦးအမ်လှသောင်းနဲ့ Rena M Gainey တို့လေးယောက်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကို ၂၀၁၇-၂၀၁၈ မှာက ဝေဠုကျော်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဂီတဆိုင်ရာထူးချွန်ဆုကိုတော့ အဆိုတော် အိုင်းရင်းဇင်မာမြင့်နဲ့ Lal Biak Zuali တို့က ရရှိပါတယ်။ Doctor of Human Letters လူသားခြင်းစာနာထောက်ထားမှု ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လူသားအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကို နှစ်စဉ်ချီးမြှင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024