Home
ရုပျသံ
နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်၏ မနောအက (ရုပ်သံ)
DVB
·
January 10, 2019
၇၁ နှစ်​​မြောက်​ ကချင်​ပြည်​နယ်​​နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီမနက်ကျင်းပရာမှာ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်အောင်​ဆန်းစုကြည် တက်ရောက်ပြီး မနောအက  ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အခမ်းအနားမှာ လူမှုဝန်​ထမ်းကယ်​ဆယ်​​ရေးနဲ့ ပြန်​လည်​​နေရာချထား​ရေး ပြည်​​ထောင်​စုဝန်​ကြီး  ဒေါက်​တာဝင်းမြတ်​​အေး ၊ ကချင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာခက်​​အောင်​နဲ့ ပြည်​နယ်​အစိုးရအဖွဲ့ဝင်​တွေလည်း တက်​​ရောက်​ပြီး မ​နောအက ပါဝင်​ ကပြခဲ့ကြပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို ဇန်န၀ါရီ ၈ ရက်ကတည်းက ရောက်ရှိနေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လိုက်လံကြည့်ရှု ဒေသခံတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်ကောင်စီ ညီလာခံရဲ့ ပထမဆုံးအစည်းအဝေးကနေ ကချင်ပြည်နယ်အစိုးရအဖွဲ့ စတင်ဖွဲ့စည်းနိုင်ခဲ့တဲ့နေ့ကို ‘ကချင်ပြည်နယ်နေ့’ အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာတာ ဖြစ်ပါတယ်။ ရိုက်ကူး - ဇော်မိုးထက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024