ဆူဒန်တွင် ရာနှင့်ချီသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်

ဓာတ်ပုံ - Getty Images
ဆူဒန်နိုင်ငံ အွမ်ဒူမဲမြို့မှာ ဇန်နဝါရီ ၉ ရက်နေ့က ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ စကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး  အဖွဲ့ကတော့ အရေအတွက်ကို နှစ်ဆ သတ်မှတ်ထားပါတယ်။ ကုန်ဈေးနှုန်းကြီးမြှင့်တာနဲ့ တခြားစီးပွားရေး အခက်အခဲတွေကို မကျေနပ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ သမ္မတ အိုမာ အယ်လ်ဘာရှား အာဏာယူချိန်ကစပြီး ရင်ဆိုင်နေရတဲ့ ဇွဲအရှိဆုံး ဆန့်ကျင်မှုပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ တော်လှန်ရေးဟာ ပြည်သူ့ရွေးချယ်မှုလို့ ဟစ်ကြွေးကြပြီး ချီတက်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးရော ကျည်အစစ်တွေပါ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။ ဒါ့အပြင် လူ ၈၀၀ ကျော်ကို ထိန်းသိမ်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားပါတယ်။ ဒီဆန္ဒပြပွဲဟာ မကြာသေးမီ သီတင်းပတ်တွေမှာ မြင်တွေ့ရတဲ့ အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲက တခုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up