Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ် ကျောင်းသားများကို လွှတ်ပေးရန် မိတ္ထီလာကျောင်းသားများ ဆန္ဒပြ
DVB
·
January 10, 2019
ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်မှ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားတွေက ဇန်ဝါရီ ၁၀ ရက်မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ "လူသတ်တရားခံတွေကို ဖမ်းဆီးအပြစ်ပေးဖို့ ကြိုးစားအားထုတ်တာ အားနည်းနေတယ်။ လူသတ်သူတွေ ဖော်ထုတ်ပေးဖို့ အရေးယူပေးဖို့ တောင်းဆိုတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကိုတော့ ဖမ်းဆီးထားတာ မတရားလို့ ဆန္ဒထုတ်ဖော်ပြသရတာပါ" လို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းထက်မြတ်က ပြောပါတယ်။ စီပွားရေးတက္ကသိုလ်ကျောင်းသား ကိုယဉ်မင်းသန့်က "ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ဦးလွတ်မြောက်ရေးအတွက် ဆန္ဒပြတာပါ။ ကျောင်းဝန်းလုံခြုံရေး၊ ကျောင်းသန့်ရှင်းရေးအတွက် ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးထားတာ လွတ်လပ်စွာပြောဆိုခွင့်၊ တင်ပြပိုင်ခွင့်တွေကို ပိတ်ပင်တားဆီးရာ ရောက်ပါတယ်" လို့ ပြောပါတယ်။ တက္ကသိုလ်ကျောင်းသား ၁၄ ဦးဟာ နည်းပညာတက္ကသိုလ်ဘက်ကနေ ဆိုင်ကယ် ၆ စီးနဲ့ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး မိတ္ထီလာဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဟောပြောခဲ့ကြပြီးနောက် မိတ္ထီလာတက္ကသိုလ်ဝင်ပေါက် အနောက်ဘက်ပေါက်မှာ လူစုခွဲသွားပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ဒီဇင်ဘာ ၂၈ရက်က ရတနာပုံ တက္ကသိုလ်ကျောင်းသားတချို့က ကျောင်းသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျောင်းရှေ့မှာ အာဏာပိုင်တွေရဲ့ဓာတ်ပုံတွေကို  မီးရှို့ ဆန္ဒပြခဲ့ကြပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီး တရားစွဲခံထားရတာပါ။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024