Home
မြန်မာသတင်း
ဒေါက်တာအေးမောင်အမှု ပယ်ဖျက်ပေးရန်လျှောက်ထားချက် တရားရုံးပယ်ချ
DVB
·
January 10, 2019
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ရဲ့ အမှု ၂ ခုလုံးကို ပယ်ဖျက်ပေးဖို့ လျှောက်လဲချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီကနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒေါက်တာ အေးမောင်ရှေ့နေ ဦးကျော်ညွန့်မောင်က “ဒီနေ့ပဲ ကျနော်တို့လျှောက်လဲချက် တင်ထားကို အထက်တရားရုံးက ပယ်ချလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ ပယ်ဖျက်ပေးဖို့ တင်းထားတာက နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ၁၂၂ နဲ့ နိုင်ငံတော်အကြည် အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ပယ်ဖျက်ပေးဖို့ တင်ထားတာပါ။ အခုက အခုနှစ်မှုလုံးကို ပယ်ချလိုက်ဖြစ်ပါတယ်”လို့ပြောပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ရဲ့အမှုနှစ်ခုလုံးကို ပယ်ဖျက်ပေးဖို့ လျှောက်လဲချက်ကို နှစ်ဖက်ရှေ့နေတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အခုလို ပယ်ချလိုက်တာကြောင့် ဒေါက်တာအေးမောင်တို့ဟာ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဆက်လက် အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟော ပြောပွဲနဲ့ပတ်သက်လို့ ဖမ်းဆီး တရားစွဲထားတာပါ။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024