အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ကို ဘာစီလိုနာ ခေါ်ယူနိုင်ရန် နီးစပ်နေ

562
ဘာစီလိုနာအသင်းဟာ အေဂျက်ဇ် ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ဟော်လန်လက်ရွေးစင် ဒီဂျောင်အတွက် ဘာစီလိုနာအသင်းက ပေါင် ၆၇ သန်းပေးဖို့ ပြောဆိုထားပြီး အခုတပတ်အတွင်းမှာ အပြီးသတ် လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဂျောင်ဟာ ဟော်လန်အသင်းအတွက်လည်း ၅ ပွဲကစားထားပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီဂျောင်ကို မန်စီးတီး၊ ရီးရဲလ် စတဲ့ ထိပ်တန်းအသင်းတွေကလည်း ခေါ်ယူလိုနေတာကြောင့် ဘာစီလိုနာအသင်းက အပြောင်းအရွှေ့ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။