ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ကမ္ဘောဒီးယားပတ်စ်ပို့ဖြင့် ပြည်ပသို့ထွက်ခွာကြောင်း တွေ့ရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံကနေ တတိယနိုင်ငံကို သွားရောက်ဖို့အတွက် ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့တယ်လို့  South China Morning Post ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် သူမဟာ အဲဒီနိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး ဟောင်ကောင်ရှိ P.T. Corporation ကုမ္ပဏီတခုကိုလည်း မှတ်ပုံတင်ခဲ့ကြောင်း၊ အဲဒီကုမ္ပဏီဟာ Tsim Sha Tsui တိုက် ၆၆ လွှာ အခန်းအမှတ် K11 Atelier မှာ တည်ရှိတယ်လို့လည်း ဖော်ပြပါတယ်။ ကုမ္ပဏီပိုင်ရှင်မှာ ရှယ်လီထန် အမည်ရှိ အမျိုးသမီးတဦးဖြစ်ပြီး ဒီမတိုင်ခင်က ဟောင်ကောင် စီးပွားရေးဇုန်ရှိ Shantou International Container Terminal ကုမ္ပဏီဟာ ယင်လပ်ကို ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့တဲ့ သတင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ထိုင်း PPTV သတင်းမှာ ဖော်ပြသွားပါတယ်။ ယင်လပ်ရှင်နာဝပ်ဟာ သူမ ဝန်ကြီးချပ်ဖြစ်ခဲ့စဉ်က ဘတ်သန်းပေါင်းထောင်နဲ့ချီတဲ့   ဆန်စပါး အမတော်ကြေးငွေတွေ အလွဲသုံးစားပြုတဲ့ကိစ္စ လျစ်လျူရှုမှု၊ တာဝန်ဝတ္တရား ပေါ့လျော့မှုနဲ့ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခံထားရတာပါ။ သူမကတော့ အပြစ်ကို မခံယူဘဲ နိုင်ငံခြားကို တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up