သြစတြေးလျရှိ သံရုံးများသို့ ပေးပို့ခဲ့သည့် ပါဆယ်ထုပ် ၁၄ ထုပ်ကို စုံစမ်းစစ်ဆေး

သြစတြေးလျနိုင်ငံမှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေဆီ ပေးပို့ခဲ့တဲ့ သံသယဖြစ်ဖွယ် ပါဆယ်ထုပ် ၁၄ ထုပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လိပ်မူထားတဲ့ နေရာတွေထဲမှာ မဲလ်ဘုန်းနဲ့ ကင်ဘာရာမြို့က အမေရိကန်နဲ့ ဗြိတိန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ပါဝင်တယ်လို့ မီဒီယာနဲ့ တခြား တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ ပါဆယ်ထုပ်တွေကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က စစ်ဆေးနေတယ်လို့ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ရဲတပ်ဖွဲ့က ဘယ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ပါဝင်တယ်ဆိုတာကို မပြောကြားပေမယ့် သြစတြေးလျသတင်းစာကတော့ ဗြိတိန်၊ နယူးဇီလန်၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ဂရိ၊ စပိန်၊ ဆေးရှဲလ် (Seychelles)၊ ဆွစ်ဇာလန်နဲ့ အီဂျစ်နိုင်ငံတွေရဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up