လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့တွင် မန်စီးတီးက ဘာတန်ကို ၉ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 10 January, 2019
775
0
Share
0
Comment
0
Likes
VIDEO
အင်္ဂလန် လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ လိဂ်ဝမ်းကလပ် ဘာတန်အယ်လ်ဘီယွန်တို့ မနေ့ကယှဉ်ပြိုင်ရာ မန်စီးတီးက ၉ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးဟာ တိုက်စစ်မှူးအဖြစ် ဂါဘရီယယ်ဂျီးဆပ်စ်ကို အသုံးပြုပြီး ဆာနေး၊ မာရက်ဇ်၊ ဆေးလ်ဗား၊ ဂန်ဒိုဂန်၊ ဒီဘရိုင်း စတဲ့ အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာပါ။
ပွဲအစ ၅ မိနစ်မှာပဲ ဒီဘရိုင်းက မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီနောက် ပွဲချိန် မိနစ် ၃၀ နဲ့ ၃၄ မိနစ်တွေမှာ တိုက်စစ်မှူး ဂျီးဆပ်စ်၊ ၃၇ မိနစ်မှာ ဇင်ချန်ကိုတို့က မန်စီးတီးအတွက် ဂိုးတွေ ဆက်တိုက်သွင်းပေးပြီး ပထမပိုင်းအပြီးမှာ မန်စီးတီးက ၄ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ပါတယ်။
လိဂ်ဝမ်းကလပ် ဘာတန်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကို အဘက်ဘက်က မယှဉ်နိုင်သလို ဘောလုံးပိုင်ဆိုင်ခွင့်နဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေမှာလည်း မန်စီးတီးကပဲ အပြတ် အသာရခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ စိတ်ကြိုက် ဖိကစားပြီး ၅၇ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ ဂျီးဆပ်စ်၊ ၆၂ မိနစ်မှာ လူစားဝင်ကစားသမား ဖိုဒန်၊ မိနစ် ၇၀ မှာ ဝေါ်လ်ကာနဲ့ ၈၃ မိနစ်မှာ မာရက်ဇ်တို့က ဂိုးတွေထပ်သွင်းပေးခဲ့လို့ မန်စီးတီးက ၉ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ မန်စီးတီးအတွက် ခြေစွမ်းပြပြီး ၄ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် ဇန်နဝါရီ ၂၄ ရက်နေ့ ဘာတန်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။