မန်ယူအသင်း၏ တလတာ အကောင်းဆုံးကစားသမားဆု ပေါ့ဂ်ဘာ ရရှိ

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ အသင်းရဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်မှာ လက်ခံရယူခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြသခဲ့ပြီး ၄ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ နည်းပြဟောင်း မော်ရင်ဟို လက်ထက်မှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် ဆိုးလ်ရှား ရောက်ရှိလာတဲ့ အချိန်မှာတော့ ပွဲထွက်ခွင့်ပြန်ရပြီး ခြေစွမ်းပြခဲ့တာကြောင့် တလတာ အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ရက်ဒင်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းနဲ့ ပြန်လည်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာကစားမယ့် စပါးနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပွဲထွက်ကစားလာနိုင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up