နယ်စပ်တံတိုင်း တည်ဆောက်ရေး ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ ချထားပေးရန် ထရမ့် တိုက်တွန်း

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ ချထားပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်ကို ဇန်နဝါရီ ၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် တဖက်သတ် ရန်ပုံငွေချထားရေးကို ဖြစ်စေနိုင်တဲ့ အမျိုးသား အရေးပေါ် အခြေအနေ ကြေညာဖို့ကိုတော့ သမ္မတ ထရမ့်က လက်ရှောင်ခဲ့ပါတယ်။ ရုပ်သံကနေ နိုင်ငံကိုကြေညာတဲ့ မိန့်ခွန်းမှာ သမ္မတ ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်မှာ လုံခြုံရေးပြဿနာ ကြီးထွားနေတယ်လို့ ပြောပါတယ်။ အစောပိုင်းက ထရမ့်ဟာ သမ္မတအာဏာသုံးပြီး အရေးပေါ်အခြေအနေ ကြေညာမယ်လို့ အရိပ်အမြွက် ပြောခဲ့ပေမယ့် အခုအခါမှာတော့ သူဟာ ကွန်ဂရက်နဲ့ သဘောတူညီချက်မရတဲ့ ပြဿနာကို ဆက်လက်အဖြေရှာဖို့ ဆန္ဒရှိပုံ ရနေပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သမ္မတ ထရမ့်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကို  သွားရောက်ဖို့ရှိနေပြီး အမျိုးသား အရေးပေါ်အခြေအနေ ကြေညာမလားဆိုတာ မသဲကွဲသေးပါဘူး။ သမ္မတ ထရမ့်ရဲ့ အခုလို မှတ်ချက်ပေး ပြောကြားချက်ဟာ အစိုးရယန္တရား တစိတ်တပိုင်း ရပ်တန့်ပြီး ၁၈ ရက်အကြာမှာ ပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up