လေပြင်းတိုက်ခတ်၍ ချင်းနှင့် မွန်ပြည်နယ်တွင် နေအိမ်များပျက်စီး၊ လူငယ် ၁ ဦးဒဏ်ရာရ
DVB
·
January 9, 2019
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲမှာ ဇန်နဝါရီလ ၈ ရက်မနက် ၁နာရီခွဲလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ဖနိုင်ကျေးရွာမှာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ် ၁၁ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း မနေ့ မနက် ၈ နာရီလောက်က ၀လေပြင်းတိုက်ခတ်လို့ လမိုင်းမြို့၊ ကုလားကုတ်ကျွန်းအောက်ဆိပ်နဲ့ နှစ်ကရင်ကျေးရွာတို့မှာ ဓနိမိုး၊ ထရံကာ နေအိမ် ၂၈၁ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စာသင်ကျောင်း ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း အမိုးလန်၊ နေအိမ် ၁၁၁ လုံးပြိုလဲ၊ နေအိမ် ၄ လုံး၊ ဝန်ထမ်းလိုင်းခန်း ၁ လုံး၊ ဈေးဆိုင် ၁ ဆိုင် သစ်ပင်ပိ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
နှစ်ကရင်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်လူငယ်တဦး သစ်ကိုင်းပိမိလို့ ခါးမှာနာကျင်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရတယ်လို့ လည်း ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- MOHA