လမ်းလျှောက်ပြီး အမြင့်တက်နိုင်သည့် မော်တော်ကား ဟွန်ဒိုင်းကုမ္ပဏီ ထုတ်လုပ်မည် (ရုပ်သံ)

လူသားတွေလို လမ်းလျှောက်ပြီး အမြင့်တက်နိုင်တဲ့ မော်တော်ကားတမျိုးကို တောင်ကိုရီးယား မော်တော်ကားကုမ္ပဏီ ဟွန်ဒိုင်းက အနာဂတ်မှာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ စားသုံးသူ အီလက်ထရွန်းနစ်ပြပွဲ (CES) မှာ ဟွန်ဒိုင်းက 'Elevate' အယူအဆ ယာဉ်ဒီဇိုင်းကို ပြသခဲ့တာပါ။ အဲဒီယာဉ်ဟာ မတော်တဆ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန် ဆိုးရွားလှတဲ့ မြေပြင်အနေအထားမှာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အဲဒီယာဉ်ဟာ မြေငလျင်နဲ့ ဆူနာမီဖြစ်ရာ နေရာကို မောင်းနှင်နိုင်ပြီး သာမန်မော်တော်ယာဉ်တွေ ရပ်တန့်သွားမယ့် မြေပြင်အနေအထားမှာ ကိုယ်ထည်ကိုမြှင့်ပြီး ဘီးတပ်ခြေတံတွေနဲ့ လမ်းလျှောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဟွန်ဒိုင်းရဲ့ အဲဒီစိတ်ကူးစိတ်သန်းကို ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ်လို့ ဒေသတွင်း ကားဈေးကွက်မှာ မြင်တွေ့ရမယ့် အလားအလာတော့ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up