A d v e r t i s e m e n t With Us

အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဖိလစ်ပိုင်ကို အနိုင်ရ

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မနေ့ညပိုင်း ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မြန်မာက ဖိလစ်ပိုင်ကို ၃ ဂိုး  ဂိုး မရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ စန်းစန်းမော်၊ ဇာခြည်ဝင်းက သွင်းယူခဲ့ပြီး တတိယဂိုးကို ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ စန်းစန်းမော်ကပဲ ပင်နယ်တီကနေ သွင်းယူတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု (က)မှာ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့နဲ့ အတူ ကျရောက်ပြီး ဒုတိယ ပွဲစဉ်ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ စင်ကာပူနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up