၂ နှစ်အတွင်း နိုင်ငံတကာ လေကြောင်းခရီးစဉ် ၂ ဆ တိုးလာ
DVB
·
September 14, 2012
လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၀ နှစ်ကုန်ပိုင်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ ရန်ကုန်နဲ့ နိုင်ငံတကာ လေကြောင်း ပြေးဆွဲမှု ၂ ဆ တိုးတက်လာကြောင်း ပို့ဆောင်ရေးက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
၂၀၁၀ စက်တင်ဘာတုန်းက ရန်ကုန် - ဘန်ကောက် လေကြောင်းခရီးစဉ် တနေ့ ၅ ခေါက်ပဲရှိရာက ဒီနေ့ ၁ ရက် ၁၀ ခေါက် ပြေးဆွဲနေပါတယ်။
ရန်ကုန်ကနေ စင်ကာပူအပါအ၀င် အခြား အိမ်နီးချင်းတွေကို ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်က တပတ်ကို ၅၂ ခေါက်ပဲ ရှိရာကနေ လက်ရှိ တပတ်ကို ၉၄ ခေါက်ပြေးဆွဲနေတာ တွေ့ရပါတယ်။
ဒါဟာ ရန်ကုန်ကနေ နိုင်ငံတကာ အသွားအပြန်ခရီးစဉ် တပတ် စုစုပေါင်း ၈၇ ခေါက်ရှိရာကနေ လက်ရှိ တပတ် ၁၆၄ ခေါက်အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
မကြာခင် မန္တလေးနဲ့ အိမ်နီးချင်း နိုင်ငံတချို့ တိုက်ရိုက်လေကြောင်းတွေ ပြေးဆွဲတော့မှာ ဖြစ်တဲ့အတွက် လေကြောင်းခရီးစဉ်တွေ ခုထက် ပိုမိုများပြားလာဦးမယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက သုံးသပ်ကြပါတယ်။