Home
အနုပညာ
ဟောက်စားရုပ်ရှင် အထူးပွဲရောက် အိချောပို၏ ဂန္တ၀င်ဆန်သည့် အလှပုံရိပ်များ(ဓာတ်ပုံ)
DVB
·
January 8, 2019
ခုတပတ်ထဲမှာ ရုံတင်ပြသတော့မယ့် ဟောက်စားရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကို ဇန်န၀ါရီ လ ၇ ရက်နေ့ညပိုင်းက ရန်ကုန်မြိုက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး အဲဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် မင်းသမီး အိချောပိုလည်း တက်ရောက်ခဲ့ပါတယ်။ သူဟာ ဒီကားထဲမှာတော့ ပရိသတ်အချစ်တော်မင်းသား မြင့်မြတ်၊ ကျော်ကျော်ဗို၊ တခြား ဟာသ သရုပ်ဆောင်ပေါင်းများစွာနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနက်ရောင် ပွဲတက်ဖက်ရှင်ဝတ်စုံနဲ့ ဂန္တ၀င်ဆန်ဆန်လှပနေတဲ့ အလှဓာတ်ပုံတွေကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်က တဆင့် မျှဝေထားခဲ့တာပါ။ ဒါရိုက်တာဝိုင်း၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ခန့်စည်သူ တို့ပါဝင်ဖွဲ့စည်းထားတဲ့ အနုပညာပျိုးခင်းရဲ့ ရွေးချယ်စင်တင်မှုနဲ့ အနုပညာလောကကို ရောက်ရှိလာခဲ့တဲ့ အိချောပိုဟာ ရုပ်ရှင်ကားတွေမှာ မှန်မှန်ရိုက်ကူးနေရပြီး ရိုက်စား ရုပ်ရှင်ကားကတော့ ၂၀၁၉ ခုနှစ်အတွက် သူ့ရဲ့ ပထမဆုံး ရုံတင်ဇာတ်ကား ဖြစ်ပါတယ်။ ဓာတ်ပုံ - အိချောပို ဖေ့ဘွတ်ခ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024